ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်သောအချက်(၄)ချက်

အကယ်၍ သင်သည် ခေါင်းကိုက်ဝေဒနာကို ခံစားနေရမည် ဆိုလျှင် တစ်နေ့တာလုံး စိတ်ကြည်လင်မှု မရှိဘဲ ဝေဒနာကြောင့် စိတ်ဖိစီးမှုများကိုပါခံစားရနိုင်ပါသည်။ ခေါင်းကိုက်ခြင်းသည် နေ့လယ်ပိုင်းလောက်တွင် အဖြစ်များလေ့ရှိပြီး အချိန်ကြာလေလေ ပိုပြင်းထန်လေ ဖြစ်တက်ပါသည်။ ခေါင်းကိုက်ခြင်းကြောင့် လည်ပင်း၊ ပခုံးနှင့် ဦးခေါင်းနား တဝိုက်ကြွက်သားများ မာကြောတောင့်တင်းလာတက်သည်။ ခေါင်းကိုက်ခြင်းကို ခံစားနေရသော လူတစ်ယောက်၏ အချိန်တွေသည် ဘဝမှာ စိတ်ညစ်စရာ အကောင်းဆုံး အချိန်များပင် မဟုတ်ပါလား။ အကယ်၍ သင်ဟာ ခေါင်းကိုက်ဝေဒနာကို တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်ပိုပြီး ခံစားနေရသည်ဆိုလျှင် အောက်ဖော်ပြပါ နည်းလမ်း(၄)သွယ်ကို စမ်းသပ်ပြုလုပ်သင့်ပါသည်။

(၁) နေ့စဉ်ဘဝနေထိုင်မှု ပုံစံများကို အလေးထားဆောင်ရွက်ပါ
နေ့စဉ် (၈) နာရီခန့်အိပ်စက်ခြင်း၊ အစားအစာကို ပုံမှန်စားခြင်းနှင့် စိတ်ဖိစီးမှုများကို ဖယ်ရှားပါ။ ရေများများသောက်၍ ပင်ပန်းနွမ်းနယ်မှုများမရှိအောင်နေထိုင်ခြင်းဖြင့် ခေါင်းကိုက်ခြင်း ကင်းဝေးစေပါသည်။

(၂) ကိုယ်လက်အကြောဖြေလျော့ပါ
စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြောဖြေလျော့ခြင်း ရောဂါကုထုံးများဖြင့် ကုသခြင်း သို့မဟုတ် လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းစေ၍ ခေါင်းကိုက်ခြင်းနှင့် အခြားသောနာကျင်မှုဝေဒနာတို့ကို သက်သာပျောက်ကင်းစေပါသည်။ ရေနွေးအိတ်ကို လည်ပင်း၊ ပခုံးနားတဝိုက်တင်ထားခြင်းသည်လည်း ကြွက်သားများကို ပြေလျော့စေသဖြင့် နာကျင်မှုများသက်သာစေနိုင်ပါသည်။ တရားထိုင်ခြင်းနှင့် ယောဂကျင့်စဉ်များ ပြုလုပ်ခြင်းသည်လည်း စိတ်ဖိစီးမှုများကင်းဝေးစေပါသည်။

(၃) ဇီဝကမ္မ လုပ်ငန်းစဉ်များကို ထိန်းချုပ်ပါ
ဤနည်းလမ်းသည် ကိုယ်ခန္ဓာကြွက်သားများကို စနစ်တကျ အကြောဖြေလျော့ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အကြောဖြေပညာရှင်သည် ကုထုံးခံယူသောသူ၏လည်ပင်းနဲ့ပုခုံးသားတဝိုက်မှကြွက်သားများကိုလျှပ်စစ်ငုတ်တိုင်လေးများဖြင့်ချိတ်ဆက်၍အကြောဖြေခြင်းများကိုပြုလုပ်ပေးသည် ။မိမိတို့ အိမ်တွင်လည်း လျှပ်စစ် အကြောဖြေအနှိပ်စက်များဖြင့် ပြုလုပ်နိုင်သည်။ ထိုအခါလည်ပင်းနဲ့ပခုံးနားတဝိုက်ကြွက်သားများဖြေလျော့ ခြင်းလေ့ကျင့်ခန်းကိုပြုလုပ်ခြင်းဖြင့်ခေါင်းကိုက်ခြင်းကင်းဝေးစေပါသည်။

(၄) ခေါင်းကိုက်ပျောက်ဆေးများသုံးခြင်း
တချို့သောခေါင်းကိုက်ဝေဒနာရှင်တို့သည်လည်ပင်းဂုတ်နဲ့ပခုံးသားတဝိုက်နာကျင်မူှတို့ကိုပါခေါင်းကိုက်ခြင်းနဲ့အတူတပြိုင်နက်ခံစားတက်ရပါသည်။ထိုအခါတွင်ဝေဒနာပျောက်ကင်းစေရန်ထုံဆေးကဲ့သို့သောထိုးဆေးများကို ပခုံးနဲ့နားတဝိုက်ထိုးပေးချင်းအားဖြင့်ခေါင်းကိုက်ခြင်းနှင့် ကြွက်သားနာကျင်မှုတို့ကိုပျောက်ကင်းစေနိုင်ပါသည်။
ထို့ကြောင့်သဘာဝနည်းလမ်းကုထုံးများဖြင့်မသက်သာပါကဆရာဝန်နှင့်တိုင်ပင်ပြီးထိုသို့သောဆေးထိုးဆေးသောက် သောနည်းလမ်းများကိုသုံးနိုင်သည်။

– ခေါင်းကိုက်မှုမရှိသောသင်၏နေ့စဉ်ဘဝကိုအပြုံးများဖြင့် စတင်လိုက်ပါ။ ။