ရှားစောင်းလက်ပတ် အသုံးဝင်ပုံ

ရှားစောင်းလက်ပတ်ဟာ မျက်နှာနဲ့ အရေပြား အတွက် သာမကပဲ လူခန္ဓာကိုယ်အတွက်ပါ အသုံး ဝင်တဲ့ သဘာ၀ ဆေးဘက်ဝင် အပင်တမျိုးဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မောင်မောင်လှိုင်ရေးသား
ပြုစုတဲ့ စာအုပ်မှာ ဖတ်မိတော့ စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။

ရှားစောင်းလက်ပတ်ဟာ မျက်နှာနဲ့ အရေပြား အတွက် သာမကပဲ လူခန္ဓာကိုယ်အတွက်ပါ အသုံး ဝင်တဲ့ သဘာ၀ ဆေးဘက်ဝင် အပင်တမျိုးဆိုလဲမမှား လောက်ပါဘူး။

ရှားစောင်းလက်ပတ်ကို အရည်အဖြစ်လည်း သောက်သုံးလိုရနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ဟာ အသည်းရောင်ရောဂါ၊ အသည်း အရွက်ရောဂါ စတဲ့ ရောဂါတွေမဖြစ်အောင်လို့ ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အဆိပ်အတောက်တွေကို ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ ဓာတ်က လုပ်ဆောင်ပေးနိုင် ပါတယ်တဲ့။

အသည်းရောဂါကို ကာကွယ်ဖို့အတွက် ရှားစောင်းလက်ပပ်အရည်ကို သောက်သုံးသင့်ပါတယ်။
မြန်မာနိုင်ငံမှာ အဖြစ်များဆုံးရောဂါဟာ အသည်းရောဂါဟာ အဖြစ်များဆုံးဖြစ်ပါတယ်။

ဒါကြောင့် အဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ပိုက်ဆံမကုန်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် တင်ပြပေး လိုက်တာဖြစ် ပါတယ်။

ရှားစောင်း လက်ပတ် အရွက်ကိုအရင်းမှ ဖြတ်ပြီ အဆူးနဲ့ ထိပ်ဖျားတွေကို ဖြတ်တောက်လိုက်ပါ။
၁။ ရှားစောင်းလက်ပတ်ကို အထက်ပါအတိုင်းပြုလုပ်ပြီးတာနဲ့ ခြစ်တံနဲ့ ခြစ်လို့ရသလို ဓားနဲ့လဲ ပါးပါးလှီးလို့ လည်း ရပါ တယ်။

၂။ ရှားစောင်းလက်ပတ်ကို အရည်ညှစ်လိုက်ပါ။အရည်ကို ခွက်တခုနဲ့ ခံယူထားလိုက်ပါ။

၃။ ရမယ့် အရည်တွေကို မီးဖိုးပေါ်တင်ပြီး ကျိုချက်လိုက်ပါ။ ဆူတဲ့အခါ အမြုပ်တွေတက်လာပါမယ်။ တက်လာ တဲ့ အမြုပ်တွေကို ဖယ်ထုတ်လိုက်ပါ။ ထိုအမြုပ်တွေက ဖန်တဲ့အရည်တွေဖြစ်တဲ့အတွက်ခပ် ထုတ်ရတာဖြစ်ပါ တယ်။ အမြှုပ်တွေကို ကုန်အောင် ဖယ်ထုတ်ရပါမယ်။

၄။ ရှားစောင်းလက်ပပ် အရည်ရပြီးဆိုတာနဲ့ ပျားရည်(သို) သကြားနဲ့ တို့နဲ့ လိုသလောက်မျှတအောင် ထည့်ပြီး သမ အောင်မွှေပေးထားပါ။ ပြီးတဲ့နောက် အအေးခံထားပြီး ရေခဲသေတ္တာထည့်ပြီ ထားနိုင်ပါတယ်။

ယခုလိုပြုလုပ်တဲ့ အခါမှာ ဆီးချို၊သွေးချို ရှိတဲ့သူတွေအတွက်ကတော့ သကြားနဲ့ ပျားရည်တိုကို မထည့်ပဲ
သောက်သုံးနိုင်ရင် ပိုကောင်း ပါတယ်။

ဘာကြောင့် ရေခဲသေတ္တာထဲမှာ အအေးခံထားရတာလဲဆိုတော့ ရှားစောင်းလက်ပပ်ဟာ 0xalic Acid ဓာတ်ပါတဲ့ အတွက် အပြင်မှာ ထားမယ့်ဆိုရင် ပြောင်းလဲသွားနိုင်တဲ့အတွက် ရေခဲသေတ္တာထဲမှာ အအေးခံထားတာအကောင်း ဆုံးနည်း လမ်းဖြစ်ပါတယ်။

ကျိုထားတဲ့ ရှားစောင်လက်ပတ်အရည်ကို ၂ ရက်ထက်ပိုပြီးထား ပြီး မသောက်သုံးသင့်ပါဘူး။ အာနိသင် လျှော့ သွားတဲ့အတွက် မသောက်သုံးသင့်တာပါ။

ဒါကြောင့် ကျိုတဲ့ အခါ ကိုယ်သောက်နိုင်တဲ့ အရွယ်အစားလောက်ကိုသာ ရှားစောင်းလက်ပတ်ကို လိုသလောက် ဖြစ်တောက်ပြီးမှ ကျိုချက်တာ အကောင်းဆုံးပါ။

သောက်တဲ့အခါ အရည်ကို ဇွန်းကြီး နဲ့ တနေ့ ၂ ကြိမ်ထိ သောက်သုံးနိုင်ပါတယ်။ ဆေးဆိုတာ ပိုသောက် ရင် လည်း မကောင်း ပါဘူး။ အထူးသဖြင့် မိန်းကလေးတွေ ရာသီလာတဲ့အခါမှာဆိုရင်တော့ ထိန်းသိမ်းပြီး
သောက်သင့်ပါတယ်။ ရှားစောင်းလက်ပတ်အရည်ဟာ သွေးဆင်မူကိုအားကောင်းစေတဲ့ အတွက် သတိ ထား သောက်ရင်ပိုကောင်းပါတယ်။

ရှားစောင်းလက်ပတ်အရည်ဟာ အသားအရည်အတွက်ပါ ကောင်းပါတယ်။ ရှားစောင်းလက်ပတ်အရည်ဟာ တခြား မီးလောင်ဒဏ်ရာ ရခဲ့ရင် ပတ်တီးစ တခုကို ရှားစောင်းလက်ပတ်အရည်နဲ့ စိမ် ပြီး မီးလောင် ဒဏ်ရာနေရာမှာ စည်းထားပေးပါ။ အမာရွတ်မရှိသလောက် သက်သာသွားပါလိမ့်မယ်။ ရှားစောင်း လက်ပတ်ရဲ့ အစွမ်းတချို့ကို ပြန်လည် မျှဝေပေး လိုက်တာပါ။