ဆင်တုတ်ကွေးအကြောင်းသိကောင်းစရာ

ဒီရာသီမှာအဖြစ်များကြတဲ့ဆင်တုတ်ကွေးကြောင့် ဖျားတဲ့လူနာတွေဟာ အဖျားက ၁၀၃ ၊၁၀၄ အရိုးအဆစ်တွေမခံမရပ်နိုင်အောင်ကိုက်ကြပါတယ်။

တချို့က ထော့နဲ့နဲ့ နဲ့တောင်လျှောက်နေရလောက်
အောင် အားအင်မရှိနုံးချိချိနဲ့အဆစ်အမြစ်တွေကိုက်
နေတတ်ပါတယ်။သူတို့တကယ်ခံစားနေရတာပါ
အဲလောက်ဖြစ်နေမှန်းဘေးလူတွေမသိကြပါဘူး။

အဖျားက ၂ရက်၃ရက် လောက်မှကျ ပြီး အရိုးအဆစ်
နာတာတွေကလည်း ၄-၅ရက်လောက်မှ သက်သာပါတယ်။

အဖျားကျပြီးတော့ လည်းတစ်ကိုယ်လုံး အနီ အပိန့်တွေထွက်ပါတယ် အတော်အသင့်ယားတယ် တစ်ပတ်
လောက်ကြာတတ်ပါတယ် တစ်ကိုယ်လုံးဖြစ်တော့
စိတ်ပူကြမေးမြန်းကြတာပေါ့

## အသိပေးချင်တာက ##

(၁)ရောဂါလက္ခဏာကပြင်းထန်ပါတယ်၊အသက်သေတဲ့အဆင့်ထိဖြစ်တာတော့ရှားပါတယ်။

(၂)ပတ်လောက်ကြာပါတယ်။

(၃)သူ့ဟာသူဖြေးဖြေးချင်းပြန်ကောင်းပါတယ်။

(၄)ဖြစ်တဲ့လက္ခဏာတွေသက်သာအောင် ဆရာဝန်နဲ့
ပြသင့်ပါတယ်။

(၅)အနားများများယူပြီး ရေဓာတ် ဆားဓာတ်ပြန်ဖြည့်ရပါမယ်။

***ကာကွယ်ဆေးမရှိပါ ခုထိုးနေကြတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကလဲ ဆင်တုပ်ကွေးကို မကာကွယ်
နိုင်ပါ***

{ ခြင်မကိုက်အောင်နေခြင်းကသာ ကာကွယ်ပေးနိုင်
ပါလိမ့်မယ် }

ထို့ကြောင့်မိဘပြည်သူများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိမိတို့ ကလေးငယ်များကို ခြင်မကိုက်အောင် နေခြင်း
ဖြင့် သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး မဖြစ်
အောင်ကာကွယ်ကြပါလို့တိုက်တွန်းပါတယ်။

ဖြစ်လာပြီဆိုရင်လဲ စပ်ဆေးတွေမသောက်ပဲ ဆေးရုံ
၊ဆေးခန်းမှာ ကုသကြပါလို့တိုက်တွန်းပါတယ်။

ဆင်တုပ်ကွေး (chikungunya)
===================

chikungunya နာမည်ကို ရောဂါစတင်တွေ့ရှိရာ တန်ဇန်းနီးယား နိုင်ငံ လူမျိုးစုဘာသာစကားမှစတင်
မြစ်ဖျားခံခဲ့ပြီး တွန့်လိမ်ကောက်ကွေးခြင်းလို့အဓိပ္ပါယ်
ရပါတယ် ။ ရောဂါ ခံစားရသူများ နာကျဉ်ကိုက်ခဲ၍
နေခြင်းကိုဆိုလိုပါတယ်။

ဘာကြောင့်ဖြစ်တာလဲ?

ရောဂါပိုးသယ်ဆောင်ထားသောခြင်ကိုက်ခံရ၍ဖြစ်ပါ
သည်။ခြင်ကိုက်ခံရပြီး ၃ရက်မှ၅ရက်တွင် လက္ခဏာ
စတင်ခံစားရပါသည်။ခြင် အမျိုးအစား(Aedes aegypti & Aedes albopictus) က သွေး
လွန်တုပ်ကွေး ဖြစ်စေသော ခြင် အမျိုးအစားနှင့်အတူတူဖြစ်ပါတယ်။

ဘာတွေဖြစ်မှာလဲ ?

အဓိက လက္ခဏာ ကဖျားပီး အဆစ်အမြစ်လွန်စွာ
ကိုက်ခဲခြင်းဖြစ်သည်။လူနာအများစု(၈၇%-၉၀%)
မှာကိုက်ခဲ ကြပါ တယ် ။၎င်းအပြင် ခေါင်းကိုက် ခြင်း
ကြွက်သားများနာကျင်ခြင်း အဆစ်အမြစ်ရောင်ခြင်း အရေပြား အကွက်ပေါ်ခြင်းများဖြစ်တတ်ပါသည်။
များသောအားဖြင့် သေစေနိုင်သော ရောဂါမဟုတ်ပါ ။ လူအများစုတွင် ရက်သတ္တပါတ်အနည်းငယ်အတွင်း
ရောဂါ ပျောက်ကင်းသွားလေ့ရှိပြီး အချို့သောသူ
များတွင် အဆစ်နာကျဉ်ခြင်းအား လပေါင်းများစွာ
ခံစားရနိုင်ပါသည်။ရောဂါ ဖြစ်ပြီးသူများအနေဖြင့်
ခုခံစွမ်းအား ရရှိပြီး နောက်ထပ် ထပ်မံမဖြစ်နိုင်တော့
ပါ။သွေးလွန်တုပ်ကွေးနှင့်မတူပဲ ၎င်းတွင် မျိုးကွဲ
မရှိ၍ဖြစ်ပါသည်

ဘယ်လိုကူးစက်နိုင်လဲ?

ရောဂါကူးစက်ခံရသူ၏ ကိုယ်တွင်း မှာ ဗိုင်းရပ်စ် ပိုး
သည်(၅ ရက်မှ ၇ရက်အတွင်း) ရှိနေနိုင်သဖြင့် ထိုအချိန်အတွင်း ကိုက်သောခြင်မှတဆင့် အခြားသူအား
ကိုက်ခံရပါက ကူးစက်နိုင်ပါသည်။ လူတစ်ဦး မှတစ်ဦးသို့ တိုက်ရိုက်မကူးစက်နိုင်ပါ ခြင်ကိုက်ခံရခြင်းမှ သာကူးစက်ခြင်းဖြစ်ပါသည်။

ဘယ်လိုကုသရမလဲ?

အနားယူ ပါ အရည်များများသောက်ပါ အဖျားအနာ
သက်သာအောင် ပါရာစီတမောဆေးကို ညွှန်ကြား
ချက်အတိုင်းသောက်ပါ (အက်စပရင်နှင့် အခြားအ
ကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြား
ချက်မပါဘဲ မသုံးသင့်ပါ) ပထမ တစ်ပါတ်အတွင်း
ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ(အခြားသူများမကူး
စက်နိုင်ရန်)

ဘယ်လိုကာကွယ်နိုင်မလဲ?

အဓိက ခြင်ကိုက်မခံရအောင်နေခြင်းဖြစ်ပါတယ်။

သတိပြုရမည့်အချက် ?

သွေးလွန်တုပ်ကွေး ရောဂါ နှင့်ရောဂါ လက္ခဏာ ဆင်တူသည်။ထို့ကြောင့် ဂရုစိုက်ကုသင့်ပါသည်။

ဆင်တုပ်ကွေးဖြစ်ရင် အရည်ပြားမှာ အောက်ပါအတိုင်း
အနီစက်များထွက်တတ်ပါတယ်။ 👇👇👇
ကြိုတင်သတိပြုကြစေရန်စိတ်ရည်သန်လျှက်.